အောင်ခေတ်မင်း ထုတ်လုပ်ရေးမှ ထုတ်လုပ်ရိုက်ကူးမည့် "ကိုယ်ပွား" ရုပ်ရှင်ဇာတ်ကားကြီးတွင် အကယ်ဒမီ မြတ်ကေသီအောင် အနေဖြင့်  နေခြည်ဦး၏ ဖက်ရှင်ဆရာမ အဖြစ်နှင့် မြင်တွေ့ရဦးမည်ဖြစ်ပြီး  သူ့အတွက်  ကာရိုက်တာ အသစ်အဆန်း တစ်ခုဖြစ်ကြောင်း၊ ---------

မြန်မာသံစဉ်တေးသီချင်းများကို တစိုက်မတ်မတ် ရေးသားရင်း  မြန်မာ့အသံတွင် ဓာတ်ပြား(၇၃) ချပ်တိတိ ရရှိခဲ့သူ  တေးရေးဂီတစာဆို  ဓညဝတီကျော်ဝင်း  ရေးသားပြီး အဆိုတော် အပိုင် သီဆိုထားသည့် "နှိုင်းယှဉ်မရသော မေတ္တာ" မြန်မာသံ တေးသီချင်းများ ပါဝင်သည့် တေးစီးရီးကို   ထင်းရှူးရိပ် တေးသံသွင်းကနေ စတင် ဖြန့်ချိခဲ့ကြောင်း သိရသည်။ 

သရုပ်ဆောင် မင်းသားအဖြစ်ကနေ ဒါရိုက်တာအဖြစ်၊ ခံယူခဲ့သူ သရုပ်ဆောင် မင်းဦးတစ်ယောက် "ကိုယ်ပွား" ဟု အမည်ရသည့် ရုပ်ရှင်ဇာတ်ကားကြီးတွင်လည်း ဒါရိုက်တာအဖြစ်ရော၊ သရုပ်ဆောင်အဖြစ်နှင့်ပါ မြင်တွေ့ရဦးမည်ဟု သိရသည်။

မြန်မာပရိတ်သတ်တွေ နှစ်ခြိုက်အားပေးတဲ့ ဘောလိဝုဒ် စူပါးစတားမင်းသားကြီး ဆယ်မန်ခန်းဟာဆိုရင် ဒီဇင်ဘာ၂၇ ရက်နေ့မှာပဲ အသက် ၅၃ နှစ်ပြည့်သွားပြီပဲ ဖြစ်ပါတယ်။ သူ့ရဲ့ ၅၃ နှစ်ပြည့် မွေးနေ့ပွဲကို မွမ်ဘိုင်းမြို့အနီး ပန်ဗယ်မြို့က ယာတောအိမ်ရာမှာ ကျင်းပခဲ့ပါတယ်။ မွေးနေ့ပွဲပါတီကို ဘောလိဝုဒ် နာမည်ကြီးတွေ အများကြီး တက်ရောက်ခဲ့ကြပါတယ်။

ထိုင်နိုင်ငံအတွင်း ဖြစ်ပွားခဲ့သော ဂူအတွင်းပိတ်မိနေသည့် ကျောင်းသားများကို ကယ်တင်သည့်အကြောင်း ရိုက်ကူးထားသည့် 

ပေါ့ပ်ကြယ်ပွင့် ဒေမီလက်ဗားတိုးဟာ ဆေးလွန်မှုကြောင့် ကုသမှုတွေ ခံယူခဲ့ရပြီး ပြန်လည်ကျန်းမာ လာခဲ့ပြီဖြစ်ပါတယ်။ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်ဆောင်ခဲ့ပြီးဖြစ်တဲ့ ပေါ့ပ်ကြယ်ပွင့်ဟာ သူ့ရဲ့ အင်စတာဂရမ်စာမျက်နှာပေါ်မှာ ဓာတ်ပုံတွေကို ဖော်ပြခဲ့ပါတယ်။ ဒီဓာတ်ပုံတွေမှာတော့ သူ့ကို ကျန်းမာလန်းဆန်းနေပုံပေါ်နေတာကို တွေ့ရကြောင်း အီးအွန်လိုင်းဒေါ့ကွန်းရဲ့ ရေးသား ဖော်ပြချက် တွေအရ သိရပါတယ်။

တောင်ကိုရီးယားရဲ့ ကျော်ကြားတဲ့ အမျိုးသမီး တေးဂီတ အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ "TWICE"ဟာ အော်ရီကွန်က ရွေးချယ်ဖော်ပြခဲ့တဲ့ ၂၀၁၈ ခုနှစ်ရဲ့ လူကြိုက် အများဆုံးသော တေးသံရှင် စာရင်းမှာ ပါဝင်ခဲ့ကြောင်း စွန်ပီဒေါ့ကွန်းရဲ့ ရေးသား ဖော်ပြချက်တွေအရ သိရပါတယ်။ 

ဟောင်ကောင် မင်းသားကြီး ချောင်ယွန်ဖတ်ဟာ ဟောင်ကောင် ရုပ်ရှင်လောကမှာ သူ့ခေတ်သူ့အခါက အလွန်ကျော်ကြားခဲ့တဲ့ မင်းသားတစ်ဦး ဖြစ်ပါတယ်။ သူဟာ ရိုးရှင်းတဲ့ဘဝနဲ့ နေထိုင်လေ့ ရှိသူဖြစ်ပြီး ကွယ်လွန်ခဲ့ပါကလည်း သူ့ရဲ့ ပိုင်ဆိုင်မှုတွေကို လှူဒါန်းသွားဖို့ စိတ်ဆုံးဖြတ်ထားသူဖြစ်ကြောင်း အေးရှားဝမ်း ဒေါ့ကွန်းက ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

ဗြိတိန်ရဲ့ ကျော်ကြားတဲ့ တေးသံရှင် တစ်ဦးဖြစ်သူ ဘိုနိုဟာ ဒီနှစ် ခရစ္စမတ်မှာတော့ အိမ်ခြေရာမဲ့ တွေအတွက် လှူဒါန်းမှုတွေ ပြုလုပ်ခဲ့တာဖြစ်ကြောင်း စကိုင်းနယူးစ်ဒေါ့ကွန်းရဲ့ ရေးသားဖော်ပြ ချက်တွေအရ သိရပါတယ်။

ချစ်သူတွေဖြစ်နေကြောင်း သတင်းတွေ ထွက်နေတာ အတော်ကြာခဲ့ပြီဖြစ်တဲ့ ဗြိတိန်ကြယ်ပွင့် အန်ဒရူးဂါးဖီးနဲ့ ရီတာအော်ရာ တို့နှစ်ဦးကို လတ်တလောမှာတော့ အတူလက်တွဲကာ အလည်အပတ် ထွက်ခဲ့ကြတာကို တွေ့ခဲ့ရတာ ဖြစ်ပါတယ်။ 

Pages