ဥရောပသမဂ္ဂမှ ပံ့ပိုးပြီး ၊ ဗြိတိသျှကောင်စီမှ အကောင်အထည်ဖော်ဆောင်ရွက်ပေးနေသော MyJustice စီမံကိန်း၏ ဦးဆောင်မှုဖြင့် ပြည်သူလူထုကြား တရားမျှတမှုဆိုင်ရာ ၊ ပြောဆိုဆွေးနွေးမှုများ ဖြစ်လာစေရန် ရည်ရွယ်ချက်ဖြင့် ယခုလ (၁၀) ရက်နေ့တွင် ကျရောက်ခဲ့သော ကမ္ဘာ့လူ့အခွင့်အရေးဆိုင်ရာနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မြန်မာနိုင်ငံတွင် လူသိထင်ရှားသော သရုပ်ဆောင်တစ်ဦးဖြစ်လာသည့် သရုပ်ဆောင် ဇဏ်ခီကို စီမံကိန်း၏ သံတမန်တစ်ဦးအဖြစ် ခန့်အပ်ခဲ့ကြောင်း သိရသည်။
