ချင်းပြည်နယ်ဟာ သဘာဝပထဝီအနေအထားအရ မြောက်မှတောင်သို့ သွယ်တန်းနေတဲ့ အနောက်ရိုးမ၊ ဘင်္ဂလားပင်လယ်အော်ကို စီးဝင်နေတဲ့ ကုလားတန်မြစ်၊ ရှားပါးအပင်များ ပေါက်ရောက်ရာနဲ့ ရှားပါးသတ္တဝါများ ခိုအောင်းရာ ခေါနူးစုမ်တောင်၊ ဒုတိယကမ္ဘာစစ် အတွင်း ထင်ရှားတဲ့ စစ်မြေပြင် ကနေဒီတောင်ထိပ်၊ လှပတဲ့ ရိဒ်ရေကန်၊ တသွင်သွင် စီးဆင်းနေတဲ့ မဏိပူရမြစ်၊ ဘွေနုမြစ်၊ ဘုံတလာရေတံခွန် စတဲ့ သဘာဝ အရင်းအမြစ်များနဲ့ မြေပေါ်မြေအောက် သယံဇာတများ တည်ရှိရာနေရာတစ်ခု ဖြစ်ပါတယ်။
