မောင်တောမြို့နယ်၊ နယ်မြေ(၁)၊ အမှတ်(၅) နယ်ခြားစောင့်တပ်ဖွဲ့ခွဲ အောင်သပြေနယ်မြေရုံးမှ ယာယီရဲမှူး အောင်ဆွေဦး ဦးစီးသည့် တပ်ဖွဲ့ဝင်များ၊ စကားပြန်(၁)ဦးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမှတ်(၁၁) နယ်ခြားစောင့်တပ် Panchari ကင်းစခန်

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ကသာမြို့နယ် ကျောက်ထုံးကြီးကျေးရွာနှင့် အင်းဒရန့်ကျေးရွာသွားကားလမ်းပေါ်မှ wy စိတ်ကြွဆေးပြား ၅၇၀၀ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ 

ကရင်ပြည်နယ်အတွင်း လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် ရှာဖွေ စစ်ဆေးခြင်းများ ဆောင်ရွက်စဉ် ဒီဇင်ဘာ ၂၅ ရက် မွန်းလွဲပိုင်းက စိတ်ကြွရူးသွပ် ဆေးပြားနှင့် အိုက်စ်တို့ သိမ်းဆည်း ရမိခဲ့သည့်အပြင် လူကို အန္တရာယ် ပြုနိုင်သည့် ကိရိယာများကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

သထုံခရိုင် ပေါင်မြို့နယ် မုတ္တမကွေ့ပင်လယ်ပြင်အတွင်း ဒီဇင်ဘာ ၂၄ ရက်က သစ်များ တရားမဝင် တင်ဆောင်ထားသည့် လှေတစ်စီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်၊ ဟိုပုံးမြို့နယ်၊ လိုက်ပေးကျေးရွာ အနောက်တောင်ဘက် (၄)ဖာလုံခန့်အကွာ၌ ဒီဇင်ဘာ ၂၅ ရက် နံနက် ၇ နာရီ မိနစ် ၄၀ က ဟိုပုံးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမင်းဟန် ဦးစီးသည့် တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က အမြင့်(၃)ပေခန့်ရှိ ဘိန်းစိုက်ခင်း(၂၆) ဧကခန့်အား တွေ့ရှိဖျက်ဆီး ရှင်းလင်းခဲ့သည်။ 

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဘုရားကျေးရွာအနီး ကုသိနာရုံဘုရား တောင်တက်ကားလမ်း ကုန်းအဆင်း အကွေ့၌ ဒီဇင်ဘာ ၂၅ ရက် နံနက် ၁၀ နာရီ မိနစ် ၅၀ က ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းအရ ဘီးလင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက-------------

လွိုင်လင်မြို့၌ ယနေ့နံနက် ၁၀ နာရီခန့်က လွိုင်လင်-တောင်ကြီး ပြည်ထောင်စုလမ်းမကြီးနှင့် လွိုင်လင်-ပင်လုံ ပြည်ထောင်စု လမ်းမကြီးဆုံရာ သုခလမ်းတွင် ၁၀ ဘီးယာဉ်တစ်စီး ဘရိတ်ပေါက်၍ လမ်းမီး ကွန်ကရစ်တိုင်အား တိုက်မိခဲ့ကြောင်း သိရသည်။

ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်၊ အနောက်ကျေးရွာအပိုင်၊ မြို့ဝင်ကြေး ကောက်ခံသည့်ဂိတ်မှ ဝန်ထမ်းများနားရန် ယာယီဆောက်လုပ်ထားသည့် နားနေဆောင်တွင် ဒီဇင်ဘာ ၂၅ ရက် ည ၁၀ နာရီခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့ လွယ်တော်ခမ်း ပူးပေါင်းစစ်ဆေးရေး စခန်း၌ မူးယစ်ဆေးဝါးများအား ဆိုင်ကယ်အတွင်း သိုဝှက်သယ်ဆောင်လာသော စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀ ကို ဒီဇင်ဘာ ၂၅ ရက် ညနေပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း တာချီလိတ်မြို့မ ရဲစခန်းမှ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ် ရွှေဘို-မြစ်ကြီးနား ကားလမ်း နန့်မကျိုင်း ကျေးရွာနီးတွင် မော်တော်ယာဉ် နှစ်စီးအား ရပ်တန့်စစ်ဆေးရာမှ ယာဉ်မောင်းတစ်ဦး ထွက်ပြေးခဲ့ပြီး ယာဉ်ပေါ်မှ ဘိန်းဖြူ၊ ဘိန်းဆီခဲနှင့် wy စိတ်ကြွဆေးပြားများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

Pages