ယနေ့ နံနက် ၁၀ နာရီခွဲခန့်က မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် မရမ်းခြံဆိပ်ကမ်း(မင်းကွန်းဆိပ်ကမ်း)တွင် မော်တော်မီးလောင်မှု ဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် level2 .................

မကွေးခရိုင် မြို့သစ်မြို့နယ် ဆင်ဖြူချီအုပ်စု ဖိုကုန်းကျေးရွာ၌ နေပူထဲတွင် တင်ထားသော ဆိုလာပြားမှ သွယ်တန်းထားသော ဝါယာကြိုးနှင့် သက္ကယ်မိုးဖြင့်ထိကာ ယနေ့ နံနက် ၁၁ နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် အင်ကြင်းကုန်းကျေးရွာ အုပ်စုအတွင်းရှိ မရင်းကုန်းကျေးရွာတွင် ဒီဇင်ဘာ ၂၄ ရက် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်က ဦးဝင်းကျော်မိုး နေအိမ်ရှိ မီးအားမြှင့်စက်မှ အပူရှိန်မြင့်တက်၍ နေအိမ်ထရံသို့ မီးကူးစက် လောင်ကျွမ်းရာမှတစ်ဆင့် ၎င်း၏နေအိမ်နှင့် စပါးကျီအပါအဝင် အိမ်ဘေးဝဲ/ယာရှိ နေအိမ်နှစ်လုံး မီးလောင်ကျွမ်းခဲ့ကြောင်း မီးသတ်စခန်းမှ သိရသည်။

မြိတ်ခရိုင် တနင်္သာရီမြို့နယ် ဆင်ခြေဖုန်းကျေးရွာအုပ်စု မရင်းကြီးကျေးရွာနှင့် အော်ကြီး ကျေးရွာအကြား ပြည်ထောင်စုကားလမ်းမကြီးပေါ်တွင် မူးယစ်ဆေးဝါးသတင်းအရ ရှာဖွေမှုများ .........

ကရင်ပြည်နယ် ဘားအံမြို့နယ် သာမညကျေးရွာအုပ်စု ရတနာတောင်ရပ်ကွက် နေအိမ်တစ်လုံးရှိ အထည်ဆိုင်မှ လျှပ်စစ်ပန်ကာ အပူလွန်ကဲကာ ဝါယာရှော့ဖြစ်ပြီး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ထောင်တလုပ်ရပ်ကွက် မြို့ရှောင်လမ်းမဘေးရှိ စိတ်ကျန်းမာရေး ဆေးရုံးကြီးတွင် ဒီဇင်ဘာ ၂၄ ရက် ည ၁၁ နာရီ ၂၀ မိနစ်က အဆောင် ၃ အမျိုးသားအဆောင် အပေါ်ထပ် ထမင်းစားဆောင်မှ မီးစတင်လောင်ကျွမ်းခဲ့သဖြင့် မီးငြိမ်းသတ်ယာဉ် ၄၀၊ အုပ်ချုပ်မှုယာဉ် ၇ စီး မီးသတ်တပ်ဖွဲ့အင်အား ၂၈၀ တို့နှင့် မီးငြိမ်းသတ်ခဲ့ရပြီး ည၁၂နာရီ ၃၉ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

Pages