၂၀၁၉ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် ကျရောက်မည့် (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဂုဏ်ပြုဖျော်ဖြေရေး အစီအစဉ်ကို ယင်းနေ့ညပိုင်းတွင် ရန်ကုန်မြို့တော်ခန်းမရှေ့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ 

ပြည်ကြီးတံခွန်မြို့နယ်တွင် ခိုးမှုကျူးလွန်ထားကြောင်း သတင်းရရှိသူအား ခေါ်ယူစစ်ဆေးရာက လက်ကိုင်ဖုန်း ခိုးယူထားမှုများ ဖော်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

အရက်မူးပြီး ဓားဖြင့်ခုတ်သောကြောင့် ဇနီးဖြစ်သူနှင့်အတူ ၂ နှစ်အရွယ် သမီးဖြစ်သူတို့ သေဆုံးမှု ဇလွန်မြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော် တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကျန်ဘင်္ဂလား ပင်လယ်အော်တွင် အများအားဖြင့် သာယာနေပါသည်။

မန်ချက်စတာမြို့က ဘူတာရုံ မှာ အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦးက လူများကို နှစ်သစ်ကူးညပိုင်းက ဓါးနှင့် ထိုးတဲ့အတွက် လူသုံးဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ဓါးနှင့်လိုက်ထိုးတဲ့အမျိုးသားကို အဲဒီနေရာမှာဘဲ ဖမ်းဆီးရရှိခဲ့ကြောင်း၊ စိတ်ပိုင်းဆိုင်ရာ ရောဂါဝေဒနာရှင်များ ဥပဒေအရ တနင်္လာနေ့ ညပိုင်းက ဖမ်းဆီးထားကြောင်း မန်ချက်စတာ မြို့က ရဲတပ်ဖွဲ့ (GMP) က အင်္ဂါနေ့ ညနေပိုင်းက ပြောကြားပါတယ်။ 

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် မြို့သစ်ကြီးကျေးရွာ၌ ဇန်နဝါရီ ၂ ရက် နံနက် ၁၁ နာရီခန့်က သတင်းအရ နေအိမ်အတွင်း ဝင်ရောက်ရှာဖွေရာမှ ဘိန်းစိမ်းများ သိမ်းဆည်းရမိကြောင်း သိရသည်။

(၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် အားကစားပြိုင်ပွဲများကို မြောင်းမြမြို့ မြို့မဘောလုံးကွင်း၊ အထက (၁)အားကစားကွင်း၊ နောင်ရိုးအားကစားခန်းမ (၁)၊ (၂)တို့၌ ဇန်နဝါရီ ၂ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ ယှဉ်ပြိုင်ကစားလျှက်ရှိကြောင်း သိရသည်။

အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား အမျိုးသားလူမှုရေးပင်စင်များ သုံးလတစ်ကြိမ် ထောက်ပံ့ ပေးအပ်လျက်ရှိရာ ဇန်နဝါရီ ၂ ရက်က စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်အတွင်းရှိ ကျေးရွာ(၅)ရွာမှ ဘိုးဘွားများထံသို့ လူမှုရေးပင်စင်များ အိမ်အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင်ကျရောက်မည့် (၇၁) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသက် ၂၀ နှစ်နှင့်အောက် ဖူဆယ်ဘောလုံးအားကစားပြိုင်ပွဲကို ဇန်နဝါရီ ၁ ရက်နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ အားကစားကွင်းတွင် ကျင်းပသည်။

ရန်ကုန်မြောက်ပိုင်းခရိုင် ထန်းတပင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့ အင်္ဂါရပ်နှင့် အညီဖွံ့ဖြိုး တိုးတက်စေရေး၊ လမ်း၊ တံတားများ ရာနှုန်းပြည့် ကောင်းမွန်စေရန် ရည်ရွယ်ချက်ဖြင့် အမှတ်(၅)ရပ်ကွက်ရှိ ဒေသခံတောင်သူများ၏ စပါးသယ်ယူမှုကုန်ကျစရိတ်များ လျော့ချနိုင်မည့် ကုန်ထုတ်လမ်းကို (၂၀၁၈)ခုနှစ်၊ ဒီဇင်ဘာ ၃၀ ရက်မှ စတင်ကာ အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

Pages