ဖင်လန်နိုင်ငံတွင် ယမန်နေ့ညနေပိုင်းက မိုးလေပြင်းထန်စွာ တိုက်ခတ်မှုကြောင့်  ပျက်စီးဆုံးရှုံးမှုများရှိပြီး  သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ပြတ်တောက်မှုဖြစ်ပွားခဲ့ပြီး ထိုသဘာဝဘေးအန္တရာယ်မှာ ဗုဒ္ဓဟူးနေ့အထိ ဆက်လက်ဖြစ်ပွားမည်ဟု ခန့်မှန်းရသည်။

မိတ္ထီလာမြို့ လွတ်လပ်ရေးပန်းခြံ၌ ပထမဆုံး LED မီးလုံးရောင်စုံမီးအလှပြပွဲကို ဇန်နဝါရီ ၁၂  မှ ၂၃ အထိ ၁၂ ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီဝင် ဦးအောင်ကြိုင်က ပြောသည်။

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် မြန်မာ့ရိုးရာလက်ဝှေ့ မျိုးဆက်သစ် အားကစားသမားများပေါ် ထွန်းလာစေရေးနှင့် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် Township Spots Development Program  အစီအစဉ်ဖြင့် မြို့နယ်အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဋ္ဌဖလား ဖိတ်ခေါ်မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲကို မြိတ်ခရိုင် အားကစားခန်းမတွင် နှစ်ရက်ကြာ ကျင်းပခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ်ရှိ ဇလုံတောင်သို့ တက်ရောက် ကြသည့် တောင်တက်ကားများအနေဖြင့် တစ်စီးနှင့်တစ်စီး ပြိုင်မမောင်းကြရန် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ဇလုံတောင် ခမိုး ယာဉ်ရပ်နားစခန်း ဖွင့်ပွဲ အခမ်းအနားတွင် သတိပေး ပြောကြားခဲ့သည်။

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး ကျန်ဘင်္ဂလားပင်လယ်အော်တွင် အများအားဖြင့် သာယာနေပါသည်။

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ကြီးမှူးကျင်းပသော ဆယ်အိမ်စုမှူး ဆရာဖြစ်(ဆင့်ပွား) သင်တန်းဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အားမာန်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရပ်စောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက စီစဉ်ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လက်သမား၊ ပန်းရံသင်တန်းဖွင့်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၂ ရက် နံနက် ၉ နာရီခွဲက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အဆောက်အဦတွင် ကျင်းပသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၌ အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ လူမှုရေးပင်စင်ထောက်ပံ့ကြေးပေးအပ်ပွဲကို ယနေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ ၁/၂၀၁၉  အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အာဖဂန် ဥပဒေပြဌာန်းရေးအဖွဲ့က မူးယစ်ဆေးဝါးနှင့် ဆက်နွှယ်သူ ၂၉ ဦးကို ထောင်ဒဏ်တစ်နှစ်မှ ၁၇ နှစ်အထိ ချမှတ်ခဲ့ကြောင်း ယနေ့သတင်းထုတ်ပြန်ခဲ့သည်။

Pages