မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် (မန္တလေးတိုင်းဒေသကြီး) မှ ကြီးမှူး၍ သတ္တမ အကြိမ် အိမ်မွေးတိရစ္ဆာန်ပြပွဲ၊ ပြိုင်ပွဲများကို ဇန်နဝါရီ ၄ ရက်မှ ၆ ရက်အထိ မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၆၂ လမ်း၊ ၄၁ လမ်းနှင့် ၄၂ လမ်းကြား၊ မနော်ရမ္မံကွင်းတွင် ကျင်းပမည်။

ဆေးတက္ကသိုလ် (မန္တလေး)  ၁၉၇၆-၁၉၈၂ ပညာသင်နှစ် သင်တန်းသား သင်တန်းသူများ၏ မြတ်ဆရာပူဇော်ပွဲကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၃၀ ရက် နံနက်ပိုင်းက ဆေးတက္ကသိုလ် အောင်ပင်လယ်ခန်းမတွင် ကျင်းပသည်။ 

မန္တလေးမြို့မှ ပန်းချီဆရာဆရာမ ၁၀ ဦး စုပေါင်းပြသသည့် New Year New Men Group Show အမည်ရှိ ပန်းချီပြပွဲ ဖွင့်ပွဲကို ဇန်နဝါရီ ၁ ရက် နံနက် ၉ နာရီက မန္တလေးမြို့ အောင်မြေသာစံမြို့နယ်၊ မန္တလေးတောင် ခြင်္သေကြီးနှစ်ကောင်အနီးရှိ မန္တလေးတောင် ပန်းချီပြခန်းတွင် ကျင်းပခဲ့သည်။ 

မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းမှ ကြီးမှူး ကျင်းပသည့် (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ကလေးပြပွဲ၊ ပြိုင်ပွဲကို မြို့နယ် ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၈ နာရီက ကျင်းပသည်။

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက မြို့တွင်းဧရိယာ ယာဉ်အန္တရာယ် ကင်းရှင်းစေရေး၊ ယာဉ်ကြောကျပ်တည်းမှု မရှိစေရေးအတွက် မန္တလေးမြို့စည်ပင် သာယာနယ်နိမိတ်အတွင်း သုံးဘီး ဆိုင်ကယ်၊ ထော်လာဂျီယာဉ်များ မဝင်ရ ကန့်သတ်နယ်မြေများ ထုတ်ပြန်ခဲ့သည်။

မွန်ပြည်နယ် ရေးမြို့နယ် မြကန်သာရှေးဟောင်းကျုံးတော်ကြီးတွင် ၂၀၁၉ ခုနှစ် (၇၁)နှစ် မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မြန်မာ့ရိုးရာလှေလှော်ပြိုင်ပွဲဖွင့်ပွဲ  ..........

အရေးပေါ် တုန့်ပြန်မှုစီမံကိန်း (Immediate Response Mechanism-IRM) အစီအစဉ်မှ ဓာတ်မြေသြဇာ ထောက်ပံ့ပေးခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် လူထုအခြေပြုဗဟိုဌာနတွင် (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆို သောအားဖြင့် စာစီစာကုံးနှင့်ကဗျာရွတ်ဆိုပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီ၌ ကျင်းပသည်။

Pages