ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန(Community Center)ခန်းမ၌ (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကြို စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲ ဆုချီးမြှင့်ပွဲ စာအုပ်ပြပွဲကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့ ဘောဂဝတီရပ်ကွက် မင်းရဲဆည်တွင် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် ညနေ ၄ နာရီ ၄၅ မိနစ်က မြင်းစိုင်းအလယ်ရပ်ကွက်နေ သူရဇော်(၂၀)နှစ်ပါ သူငယ်ချင်းနှစ်ဦးသည် ငါးရှာဖွေစဉ် ကမ်းစပ်ခြုံအတွင်းမှ အလျား ၉ လက်မ၊ အချင်း၂လက်မခန့်ရှိ ဗုံးသီးဟောင်းထိပ်ဖူး တစ်ခု (သံ ချေးတက်)နှင့်  ............

မန္တလေးမြို့ မဟာမုနိဘုရားကြီးတွင် ကိုယ်တိုင်လက်မှတ်ဖြတ်၍ ယာဉ်နှင့်ယာဉ်မောင်းအား Scan ဖတ်၍ မှတ်တမ်းတင်သည့် စနစ်တပ်ဆင်ထားသည့် ဂိတ်တံခါးများကို ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်ကာ သုံးပြုနေပြီဖြစ်ကြောင်း မဟာမုနိဘုရားကြီး ဂေါပကအဖွဲ့ထံမှ သိရသည်။

မန္တလေးမြို့တော် သန့်ရှင်းသာယာလှပရေးအတွက် ကောက်ခံသည့် သန့်ရှင်းရေးအခွန်ကို အမှိုက်သိမ်းဆည်းခအဖြစ် ပြောင်းလဲကောက်သွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

ကျိုက်မရောမြို့နယ် ကျိုက်ပရန်ကျေးရွာ အရှေ့ဘက်ကုန်း နေအိမ်တွင် လှေကားအဟောင်း ကွန်ကရစ်တုံးအား တွင်းတူးမြှုပ်နှံရန် တူးဖော်နေစဉ် ကွန်ကရစ်တုံး ပြုတ်ကျသွားရာ အလုပ်သမား ၃ ဦးအနက် နှစ်ဦး အချိန်မီ ထွက်ပြေးနိုင်ခဲ့ပြီး ကျန်တစ်ဦးမှာ ကွန်ကရစ်တုံးပိပြီး သေဆုံးခဲ့ကြောင်း သိရသည်။

ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းတွင် အများအားဖြင့် သာယာနေပြီး ကပ္ပလီပင်လယ်ပြင် နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ်မှ တိမ် အသင့်အတင့် ဖြစ်ထွန်းနေပါသည်။

Pages