တောင်းဆုရ “ဝ” စေတီ နောင်တော်ဘုရား ရွှေထီးတော်တင်နှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအနားကို ယနေ့ နံနက် ၇ နာရီ ၄၅ မိနစ်တွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ အဆိုပါ စေတီတော်ရင်ပြင် ယာယီမဏ္ဍပ်၌ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချို၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တက်ရောက်ဖူးမြော် ကြည်ညိုကြသည်။

ကရင်ပြည်နယ် ရှမ်းရွာသစ်၏ အနောက်မြောက်ဘက် မီတာ ၅၀၀၀ ခန့်အကွာ မဲသဝေါပြန့်အတွင်း အုပ်ချုပ်မှုကိစ္စများ ဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းအား ........

၂၀၁၈-၂၀၁၉ ရာသီ အမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ်(၅) ပထမနေ့ကို ယနေ့ညနေပိုင်းက အောင်ဆန်းကွင်း၌ ကျင်းပရာ လက်ရှိချန်ပီယံ မြဝတီအသင်း မထင်မှတ်ဘဲ သရေကျခဲ့သည်။ မြဝတီအသင်းသည် အား/ကာဦးစီးဌာနအသင်းနှင့် တစ်ဂိုးစီ သရေကျခဲ့ခြင်း ဖြစ်သည်။

ဒုတိယအကြိမ် မြန်မာ-တရုတ် ချစ်ကြည်ရေး နယ်စပ်ဖြတ်ကျော် မာရသွန်ပြိုင်ပွဲတွင် မြန်မာဖက်မှ စာရင်းပေးသွင်းယှဉ်ပြိုင်သူ ၅၉၆ ဦးရှိရာ ယမန်နှစ်ကထက် နှစ်ဆခန့်များလာကြောင်း မူဆယ်ခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာန၏ စာရင်းအရ သိရသည်။ 

 

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် ဆီးဂိမ်းပြိုင်ပွဲယှဉ်ပြိုင်မည့် မြန်မာ ယူ-၂၂ အသင်းအတွက် ဖိတ်ခေါ်ပြိုင်ပွဲ ကျင်းပရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။ 

၂၀၁၉ ရာသီ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲ ပထမအဆင့်ပွဲစဉ်များကို မတ်လတွင် စတင်ကျင်းပမည်ဖြစ်ပြီး MNL ကလပ်အသင်း ၁၂ သင်း၊ MNL-2 (ပထမတန်း) ကလပ်အသင်းရှစ်သင်း စုစုပေါင်း ၂၀ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင် မိုးထိမိုးမိ ရွှေလုပ်ကွက်အနီး တောတွင်း၌ တရားမဝင် ရွှေတူးဖော်မှုများရှိနေကြောင်း သတင်းပေးတိုင်တန်းချက်အရ ရမည်းသင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်း၊ ခရိုင်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ဒီဇင်ဘာ ၃၁ ရက် မွန်းလွဲ ၂ နာရီတွင် သွားရောက်ရှာဖွေ ဖမ်းဆီးခဲ့ရာ ပိုင်ရှင်မဲ့ ရွှေသန့်စင်ကြိတ်ခွဲစက်၊ ရွှေပါဝင်သည်ဟု ယူဆရသည့် ဗြုန်းအိတ်များနှင့် ရွှေတူးဖော်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိကြောင်း သိရသည်။ 

ယနေ့ ညနေ ၄ နာရီ ၂၅ မိနစ်ခန့်က ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုနှင့်အဖွဲ့သည် အမ်းမှ စစ်တွေသို့ မော်တော်ယာဉ်များဖြင့် သွားလာစဉ် မြောက်ဦးမြို့နယ် ပီပင်ရင်းကျေးရွာအုပ်စု  .............

စက်လှေချင်း တွဲပြန်လာရာမှ လူသတ်ပြီး အလောင်းအား ကြိုးဖြင့်ချည်၍ ရေထဲချထားမှုဖြစ်စဉ် ဒီဇင်ဘာ ၂၉ ရက်က လက်ပံတန်းမြို့နယ်၊ သံပရာဂုန်ရွာတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

Pages