ကျွန်တော်တို့ဇနီးမောင်နှံသည် ခံတပ်အတွင်း တောင်ဘက်ကုန်းမြင့်ရှိ ထနောင်းပင်ရိပ်တွင်ထိုင်ရင်း ဧရာဝတီမြစ်အတွင်း စုန်ဆန်သွားလာနေကြသည့် စက်လှေ၊ သင်္ဘောများကိုကြည့်နေကြသည်။ သမီးသုံးယောက်မှာ ခံတပ်အုတ်ရိုးများကို နောက်ခံထား၍တစ်လှည့်စီ ဓာတ်ပုံရိုက်နေကြ၏။

Pages