အာရှနိုင်ငံတွေကို ကြည့်လိုက်မယ်ဆိုရင် တိုးတက်မှုတွေ တွေ့မြင်နေရသလို ဆုတ်ယုတ်မှုတွေလည်းအတူတကွဖြစ်ပေါ်လျက်ရှိပါတယ်။ တိုးတက်မှုနဲ့ ဆုတ်ယုတ်မှုဆိုတာ အမြဲဒွန်တွဲနေတယ်ဆိုတာ ငြင်းမရပါဘူး။ အာရှနိုင်ငံတွေထဲကမှ ဒီကနေ့ ဂျပန်နိုင်ငံကို ပြန်ကြည့်မယ်ဆိုရင် စီးပွားရေးဆိုင်ရာ တိုးတက်မှုတွေ တွေ့မြင်နေရသော်လည်း လျော့နည်းသွားတဲ့လုပ်အားတွေ ရှိနေတာကို တွေ့ မြင်ရပါတယ်။ ဒါဟာ ဘာကြောင့်လဲဆိုရင် လတ်တလောမှာ ဂျပန်နိုင်ငံမှာ သက်ကြီးလူဦးရေတိုးပွားနှုန်းမြင့်တက်လာပြီး အလုပ်သမားရှားပါးတဲ့ အခြေအနေကို ရင်ဆိုင်နေရလို့ပဲ ဖြစ်ပါတယ်။

Pages