လွတ်လပ်ရေးကို နိုင်ငံတိုင်း၊ နိုင်ငံတိုင်းရှိ လူမျိုးများက မြတ်နိုးကြသည်။ တန်ဖိုးထားကြသည်။ လွတ်လပ်ရေးဆုံးရှုံး ခဲ့သည်ကို မနှစ်မြို့၊ လွတ်လပ်ရေးကို မဖြစ်မနေရယူရန် ကြိုးပမ်းအားထုတ်

အိန္ဒိယသမ္မတ မြန်မာနိုင်ငံသို့ လာရောက်သည့် ခရီးစဉ်အတွင်း၌ ပဲမျိုးစုံကို မြန်မာနိုင်ငံက ဝယ်ယူမည့် အရေအတွက်ကို သီးခြား သတ်မှတ်ပေးသည့် (သီးသန့်ကိုတာ) စနစ်ဖြင့် တင်ပို့ခွင့်ပြုရေး အပ

ရွှေပြည်စိုး၊ ရတနာပုံနှင့် ထာဝရမေတ္တာ

ပြန်ကြားရေးဝန်ကြီးဌာန စာပေဗိမာန်က “မြန်မာဂ္ထဝင် အတွဲ ၁၀ဝ စာစဉ်”  အတွဲ ၂ ကို ထုတ်ဝေဖြန့်ချိထားသည်။ အတွဲ ၂ တွင် ဦးလတ်၏ ရွှေပြည်စိုး၊ ရွှေဥဒေါင်း၏ ရတနာပုံနှင့် ဘီအေမောင်ဘသန်း၏ ထာဝရမေတ္တာ သို့မဟုတ် ဘီအေ မောင်ဘလွင် ဝတ္ထုတို့ကို ရွေးချယ်ထားပါသည်။ ထိုဝတ္ထုများ မှာ မြန်မာကာလပေါ်ဝတ္ထုများ စတင်ပေါ်ပေါက်လာစဉ် ခေတ်ဦးအချိန်က ဝတ္ထုများဖြစ်သည်။

ထင်ပေါ်ဝင်း

 

 

ငွေနှင်းမှုန်တို့နှင့် ဝေးကွာနေသည်မှာ အချိန်ကာလအားဖြင့် ဆယ်စုနှစ်ပေါင်းများစွာ ကြာညောင်းလာသည်နှင့်အမျှ မြို့တော်ရန်ကုန်၏ အအေးဓာတ်တို့က တစ်စထက်တစ်စ လျော့ပါးလာသည်။ သစ်ပင်သစ်တောများ ရှားပါးလာမှုနှင့်အတူ ပြောင်းလဲလာသော မြို့တစ်မြို့၏ ပြယုဂ်များဖြစ်သည့် စက်ရုံ၊ အလုပ်ရုံ၊ မော်တော် ယာဉ်တို့၏ အပူငွေ့တို့က အအေးဓာတ်ကို ဖုံးလွှမ်း အနိုင်ယူခဲ့ပြီဖြစ်သည်။ ဒီဇင်ဘာလအတွင်း ကျဆင်းလေ့ရှိသော မြူနှင်းဝေတို့၏ အရိပ်အယောင်ကို နံနက်စောစော အရုဏ်တက်ချိန်၌သာ အခိုက်အတန့်သဘောဖြင့် မြင်တွေ့ရလေ့ရှိသည်။ ညသန်းခေါင်ယံနှင့် အရုဏ်တက်ချိန်တို့တွင်သာ ခေတ္တခဏ အလည်ရောက်လာလေ့ရှိသော အအေးဓာတ်ကြောင့် ဆောင်းရာသီအတွင်း ချင်းနင်းဝင်ရောက်လာပြီဖြစ်ကြောင်း ရန်ကုန်သူ ရန်ကုန်သားတို့ သတိပြုမိကြသည်။

Pages