၂၀၁၈-၂၀၁၉ ရာသီ အမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ် (၅) ပထမနေ့ကို ယနေ့ညနေပိုင်းက အောင်ဆန်းကွင်း၌ ကျင်းပရာ လက်ရှိချန်ပီယံ မြဝတီအသင်း မထင်မှတ်ဘဲ သရေကျခဲ့သည်။ မြဝတီအသင်းသည် အား/ကာ ဦးစီးဌာနအသင်းနှင့် တစ်ဂိုးစီသရေကျခဲ့ခြင်းဖြစ်သည်။

၂ဝ၁၈ ခုနှစ် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား အသက်(၂၅)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲကို ယနေ့ နံနက် ၈ နာရီက မုံရွာမြို့ ပြည်သူ့အားကစားကွင်းတွင် စတင်ကျင်းပလျက်ရှိကြောင်း သိရသည်။

Asian Tour ဂေါက်သီးရိုက်ပြိုင်ပွဲ လက်ရည်စစ်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာဂေါက်သီးရိုက်ကစားသမား ရဲထက်အောင်သည် လက်ရည်စစ်ပွဲအောင်မြင်ပြီး နောက်ဆုံးအဆင့်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မုံရွာစက်ဘီးအဖွဲ့တို့ ပူးပေါင်းပြီး (၆)ကြိမ်မြောက် လူထုစုပေါင်းစီးနင်းပွဲကို ဒီဇင်ဘာ ၃ဝ ရက် နံနက် ၆ နာရီက ပြည်သူ့အားကစားကွင်းရှေ့ ဗိုလ်ချုပ်လမ်းမပေါ်တွင် ကျင်းပရာ စက်ဘီးဝါသနာရှင် (၅ဝဝ)ကျော် ပါဝင်ခဲ့ကြောင်း သိရသည်။

သာယာဝတီခရိုင် (၈)မြို့နယ် ချစ်ကြည်ရေး မိတ်ဆက်စားပွဲတင်တင်းနစ် ဖိတ်ခေါ်ပြိုင်ပွဲကို ဒီဇင်ဘာ ၃ဝ ရက် နံနက် ၉ နာရီက ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် နတ်တလင်းမြို့ ရွှေလင်းခန်းမတွင် ကျင်းပပြုလုပ်သည်။

ပရီမီယာလိဂ် ပွဲစဉ် (၂၀)ပွဲစဉ်များကို စနေနေ့ ညပိုင်းကယှဉ်ပြိုင်ကစားခဲ့ကြပြီး လီဗာပူးအသင်းနှင့် အာဆင်နယ်အသင်းတို့၏ ပွဲစဉ်တွင် လီဗာပူးအသင်းက အာဆင်နယ်အသင်းကို ငါးဂိုး တစ်ဂိုးဖြင့် 

မြန်မာ ယူ- ၂၂ အသင်းသည် ဇန်နဝါရီတွင် ယှဉ်ပြိုင်ရမည့် အရှေ့အလယ်ပိုင်း နိုင်ငံတကာ ခြေစမ်းခရီးစဉ်အတွက် ယနေ့နံနက်ပိုင်းမှစ၍ လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ရှမ်းယူနိုက်တက်အသင်းသည် ရာသီကြိုခြေစမ်းပွဲသုံးပွဲကစားခဲ့ပြီး ယခုပွဲမတိုင်မီက ဒဂုံနှင့် ဧရာဝတီကို နှစ်ပွဲစလုံး နှစ်ဂိုးစီ သရေကျခဲ့သည်။ ဇွဲကပင်အသင်းမှာလည်း ယခုခြေစမ်းပွဲမတိုင်မီ ဧရာဝတီ၊ မကွေး၊ တက္ကသိုလ် လက်ရွေးစင်အသင်းတို့နှင့် ယှဉ်ပြိုင်ကစားခဲ့သည်။

ဇွဲကပင်အသင်း၏ မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး သန်းထက်အောင်သည် ထိုင်းလိဂ်-၂ ကလပ် ဆာမတ်ဆာခွန်အသင်းသို့ တစ်ရာသီ အငှားစာချုပ်ဖြင့် ပြောင်းရွှေ့သွားပြီဖြစ်သည်။ 

၂၀၁၉ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ်များထွက်ပေါ်လာပြီဖြစ်ပြီး ဇန်နဝါရီ ၁၂ ရက်တွင် စတင်ကျင်းပမည်ဖြစ်သည်။ ပွဲစဉ်ရေးဆွဲထားမှုအရ လက်ရှိချန်ပီယံ ရန်ကုန်အသင်းမှာ ဟံသာဝတီ၊ ရတနာပုံအသင်းမှာ ဧရာဝတီတို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး နာမည်ကြီး ရှမ်းယူနိုက်တက်အသင်းမှာလည်း အဝေးကွင်း ကစားရမည်ဖြစ်သည်။

Pages