ချစ်သူတွေဖြစ်နေကြောင်း သတင်းတွေ ထွက်နေတာ အတော်ကြာခဲ့ပြီဖြစ်တဲ့ ဗြိတိန်ကြယ်ပွင့် အန်ဒရူးဂါးဖီးနဲ့ ရီတာအော်ရာ တို့နှစ်ဦးကို လတ်တလောမှာတော့ အတူလက်တွဲကာ အလည်အပတ် ထွက်ခဲ့ကြတာကို တွေ့ခဲ့ရတာ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၂ ရက်က ပြုလုပ်ခဲ့တဲ့ အာရှအနုပညာထူးချွန်ဆုပေးပွဲတစ်ပွဲဖြစ်တဲ့ "StarHub's Night of Stars Awards" မှာ တရုတ်၊ ဟောင်ကောင်၊ ကိုရီးယား၊ ထိုင်ဝမ်နဲ့ စင်ကာပူတို့မှ အနုပညာရှင် ၃၄ ဦး တက်ရောက်ခဲ့ကြောင်း အေးရှားဝမ်းဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

၂၀၁၉ နှစ်သစ်ကို ကြိုဆိုသောအားဖြင့် မန္တလေးမြို့ရှိ ရွှေနန်းတော် ပန်းချီပြခန်းနှင့် ရန်ကုန်မြို့မှ Artissmite Art Club တို့ ပူးပေါင်းပြီး 'Rhythm of Dream Art Ehxibition' ပန်းချီပြပွဲ၊ ဖွင့်ပွဲကို ၂၀၁၉ခု၊ ဇန်နဝါရီလ၊ (၅)ရက်နေ့တွင် မန္တလေး ချမ်းအေးသာစံမြို့နယ် ၇၁လမ်းနှင့် ၂၇x၂၈လမ်း ကြားရှိ ရွှေနန်းတော် ပန်းချီပြခန်း- စတူဒီယို (ရွှေနန်းတော် Shwe Nan Daw) Art Gallery & Studio တွင် ကျင်းပမည်ဖြစ်သည်။

ဒီဇင်ဘာ ကျောင်းပိတ်ရက်တွင်  မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ပခုက္ကူမြို့ရှိ သမိုင်းဝင်  ဘုရားပုထိုးစေတီများသို့   ပြည်တွင်းဘုရားဖူးဧည့်သည်များ လာရောက်ဖူးမြှော်ကြကြောင်း သိရသည်။

ပြီးခဲ့တဲ့ဒီဇင်ဘာ ၂၃ ရက်မှာ အဆိုတော်မိုင်လေဆိုင်းရပ်စ်ဟာ သူနဲ့နှစ်ပေါင်းများစွာ တွဲလာတဲ့ချစ်သူ လီယံဟမ်စဝက်စ်နဲ့ တိတ်တဆိတ်လက်ထပ်ခဲ့တဲ့အတွက် ပရိသတ် အားလုံးကို အံ့အားသင့်သွားစေခဲ့ပါတယ်။

ဘောလိဝုဒ်စူပါစတား ရှာရွတ်ခန်းရဲ့ ရုပ်ရှင်သစ်ဖြစ်တဲ့ Zero ဇာတ်ကားကတော့ ရုံတင်ပြသနေပါပြီ။ Zero ဇာတ်ကားရုံတင်ပြသပြီဖြစ်လို့ ရှာရွတ်ခန်းရဲ့ နောက်ထပ် ရုပ်ရှင်အသစ်ဖြစ်တဲ့ Don 3 ရိုက်ကူးမှုတွေစတင်တော့မှာလားဆိုပြီး ထင်ကြေးပေးနေကြပါပြီ။ ပြီးခဲ့တဲ့ Don 2 ဇာတ်ကားမှာလည်း အဓိကဇာတ်ကောင်အနေနဲ့ ဇာတ်လမ်းဆက်စရာတွေရှိနေသေးပါတယ်။ Don 2 ဇာတ်ကားထွက်ရှိခဲ့တာလည်း ခုနစ်နှစ် ကြာမြင့်ခဲ့ပါပြီ။

ဝတ္ထုဈာန်သစ်သွေး၏ ဖြစ်ရပ်မှန် ဇာတ်လမ်းကို ဇာတ်ညွှန်း နေစိုးသော်ရေးသားပြီး ဒါရိုက်တာစတီးလ် ရိုက်ကူးကာ ပါဝါကင်း ရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်သည့် သမီးကလေးရဲ့ရွာ ရုပ်ရှင်ကားကြီး အထူးပွဲ ကို သမ္မတအဆင့်မြင့်ရုပ်ရှင်ရုံကြီးတွင် ဒီဇင်ဘာ ၂၂ ရက်က ပြသခဲ့ပြီး အဆိုပါ ရုပ်ရှင်မှာ ကလေးသူငယ်စောင့်ရှောက်ရေး ပညာပေးအဖြစ် အဓိကထား၍ ရိုက်ကူး ထားသည်။

ဒါရိုက်တာဝင့်လွင်ထက် ဖန်တီးရိုက်ကူးကာ Media 7 မှ ထုတ်လုပ်သည့် ကိုယ်စောင့် နတ်ဟုအမည်ပေးထားသော ရုပ်ရှင်ဇာတ်ကားကြီးကို ဒီဇင်ဘာ ၂၈ ရက်တွင် ရုံတင် ပြသသွားမည်ဖြစ်သည်။ ယင်းရုပ်ရှင်တွင် ထပ်ဆင့်အကယ်ဒမီ ရန်အောင်၊ အကယ်ဒမီ ရဲအောင်၊ ထွန်းထွန်း၊ ထူးအောင်၊ လွှမ်းပိုင်၊ အောင်ရဲထွေး၊ သုတဇော်၊ ဆန်းထွဋ်၊ ခင်ဝင့်ဝါ၊ ခိုင်သဇင်ငုဝါ၊ ချောကလျာ၊ မေသဉ္ဇာဦးနှင့် အနုပညာရှင်များစွာ ပါဝင် ထားပြီး ပါဝင်သရုပ်ဆောင်သူများ၏ အသံများကို စုစည်းတင်ပြလိုက်ပါသည်။

ကျော်ကြားတဲ့ ပေါ့ပ်ကြယ်ပွင့်တစ်ဦးဖြစ်သူ မက်ဟန်ထရိန်နောဟာ ချစ်သူဖြစ်တဲ့ ဒါရယ်ဆာဘာရာနဲ့ လက်ထပ်လိုက်ပြီဖြစ်ပါတယ်။ စေ့စပ်ခဲ့ပြီးဖြစ်တဲ့ သူတို့နှစ်ဦးဟာ ယခုသီတင်းပတ်အတွင်းမှာပဲ လက်ထပ်ပွဲ ကျင်းပခဲ့ကြတာဖြစ်တယ်လို့ ဟောလိဝုဒ် လိုက်ဖ်ဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

အသက် ၂၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပေါ့ပ်ကြယ်ပွင့် ဆယ်လီနာဂိုမက်ဇ် ဟာ လတ်တလောမှာတော့ သူငယ်ချင်းတွေနဲ့အတူ နေ့လယ်စာ စားခဲ့တာ တွေ့ရပါတယ်။ လော့စ်အန်ဂျလိစ်မှာ သူငယ်ချင်းတွေနဲ့ နေ့လယ်စာစားခဲ့တဲ့ ဆယ်လီနာဂိုမက်ဇ်ဟာ ကျန်းမာပျော်ရွှင်နေပုံ ပေါ်နေတာကိုလည်း တွေ့ရကြောင်း ဟောလိဝုဒ်လိုက်ဖ်ဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

Pages