ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းခန်း၌ ၂၀၁၈-၂၀၁၉ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန်စာမေးပွဲကို ဒီဇင်ဘာ ၁၃ ရက် နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် သြဂုတ်လအတွင်း အာကာသအခြေစိုက်စခန်း ISS ရှိ အာကာသယာဉ် ဆိုယုဇ် MS – 09 တွင် ဖိအားယိုစိမ့်မှုဖြစ်ပွားခဲ့သဖြင့် ရုရှား အာကာသယာဉ်မှူး အိုလက် ကိုနွန်နန်ကို နှင့် ဆာဂေး ပိုကော့ပီ တို့ဟာ အာကာသယာဉ် အပြင်သို့ လမ်းလျှောက်ထွက်ပြီး စစ်ဆေးခဲ့ရာက ဆိုယုဇ် MS – 09 ၏ ကိုယ်ထည်တွင် အပေါက်တွေ့ခဲ့ကြောင်း ရုရှားထိန်းချုပ်ရေး စင်တာ (MCC) က ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်လိုက်သည်။

ရုရှားနိုင်ငံဥပဒေအရ ရှာဖွေခွင့် တားမြစ်ထားသည့် သတင်းအချက်အလက်များကို ဖယ်ရှားပေးရန် ပျက်ကွက်မှုဖြင့် Google အား ဒဏ်ရိုက်လိုက်ကြောင်း ရုရှားနိုင်ငံ ဆက်သွယ်ရေးလုပ်ငန်း စောင့်ကြည့်အဖွဲ့ Roskomnadzor ၏ အင်္ဂါနေ့ ထုတ်ပြန်ချက်အရ သိရသည်။

အမေရိကန် နည်းပညာကုမ္ပဏီ Google သည် ၎င်း၏ လူမှုကွန်ရက်အဖြစ် ဝန်ဆောင်မှု ပေးနေသည့် Google Plus အား လာမည့် ဧပြီလတွင် ပိတ်သိမ်းတော့မည်ဖြစ်ကြောင်း သိရသည်။ အစီစဉ်သစ်တစ်ခု၏ ချွတ်ယွင်းမှုကြောင့် အသုံးပြုသူ သန်းပေါင်း ၅၀ ကျော်အား ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်စေခဲ့ပြီးနောက် ခုလိုဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

နာဆာ အာကာသယာဉ် SIRIS-Rex  မှ ရရှိသော အချက်အလက်များကို ဆန်းစစ်လေ့လာချက်များအရ အာကာသအတွင်း ဗန်နူ အမည်ရှိ ဂြိုဟ်သိမ်တစ်ခု၏ အတွင်းပိုင်းတွင် ရေတွေ့ရှိရကြောင်း သိရသည်။ အဆိုပါ တွေ့ရှိချက်ကို တနင်္လာနေ့က အမေရိကန်ပြည်ထောင်စု ဘူမိရူပဗေဒ နှစ်ပတ်လည် အစည်းအဝေးမှ အတည်ပြုထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ၎င်းဂြိုဟ်သိမ် ဗန်နူဟာ ကမ္ဘာမြေမှ ကီလိုမီတာ ၁၂၂ သန်းအကွာအဝေးတွင်ရှိနေပြီး အောက်စီဂျင်နှင့် ဟိုက်ဒရိုဂျင် အက်တမ်များ ပူးတွဲပါဝင်သော မော်လီကျူးများ ရှိနေကြောင်းလည်း အတည်ပြုထားသည်။

ကယားပြည်နယ် ဒေသသင်ရိုးညွှန်းတမ်းချပြ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၇ ရက် နံနက် ၉ နာရီက ကယားပြည်နယ် လွိုင်ကော်မြို့နယ် မင်းစုရပ်ကွက်ရှိ ပြည်နယ်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို တက်ရောက်အမှာစကားပြောကြားသည်။

တရုတ်နိုင်ငံသည် လ လေ့လာစူးစမ်းရေး ဂြိုဟ်တုတစ်လုံးကို အောင်မြင်စွာ လွှတ်တင်ခဲ့ပြီး ယင်းဂြိုဟ်တုသည် လ၏ အလွန်ဝေးကွာသော မျက်နှာပြင်ပေါ်သို့ ရောက်ရှိကာ စူးစမ်းလေ့လာမှုများ လုပ်နိုင်မည်ဟု တရုတ်နိုင်ငံက မျှော်လင့်ထားသည်။

ရန်ကုန်တက္ကသိုလ် ရာပြည့်အကြို သိပ္ပံပွဲခင်း - ၂၀၁၈ အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်တက္ကသိုလ် အပန်းဖြေရိပ်သာခန်းမ၌ ကျင်းပသည်။

Pages